ဒေါ့မွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဂျာမန်တိုက်စစ်ကစားသမား မာကိုရုစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရပြီးနောက် မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းဟာ မာကိုရုစ်ကို ဩဂုတ်လ(၁၆) ရက်နေ့မှာ ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။
မာကိုရုစ်ဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဥရောပဘောလုံးလောကကို စွန့်ခွာဖို့ဆုံးဖြတ်ခဲ့ပြီး LA ဂလက်ဆီအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။
ဒေါ့မွန်အသင်းကို လမ်းခွဲခဲ့ရတာက မလွယ်ကူပေမယ့် အသင်းသစ်မှာ အောင်မြင်မှုရဖို့အတွက် မျှော်လင့်မိတယ်လို့ ကစားသမားသစ် မာကိုရုစ်က ပြောပါတယ်။
အသက်(၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မာကိုရုစ် ကို LA ဂလက်ဆီအသင်းက (၂၀၂၅)ခုနှစ်အထိ (၁၈)လစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ကြိုက်နှစ်သက်တယ်ဆိုရင် နောက်ထပ်(၁)နှစ် သက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။
မာကိုရုစ်ဟာ ဒေါ့မွန်အသင်းမှာ (၁၂)ရာသီကြာ ကစားခဲ့တဲ့အချိန်အတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၄၂၉)ပွဲမှာ ဂိုးပေါင်း (၁၇၀) သွင်းယူကာ (၁၃၁)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။