၂၀၂၄ ပဲရစ် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကို အကောင်းဆုံး လုပ်ဆောင်ထားတယ်လို့ ပြိုင်ပွဲ ကျင်းပရေးကော်မတီက ဩဂုတ်လ ၂၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
အခုနှစ် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ စံချိန်တင်ပါဝင်မှုအဖြစ် မသန်စွမ်းအိုလံပစ်ကော်မတီအဖွဲ့ဝင်ပေါင်း ၁၆၇ ခုက ပြိုင်ပွဲဝင် အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အရင်စံချိန်ကတော့ ၂၀၁၂ လန်ဒန်အိုလံပစ်နဲ့ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲတွေမှာ အဖွဲ့ဝင်ကော်မတီပေါင်း ၁၆၄ ခု ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး ကော်မတီအဖွဲ့ဝင်တွေ စံချိန်တင်အဖြစ် ပါဝင်ယှဉ်ပြိုင်လာမှာဖြစ်လို့ စိတ်လှုပ်ရှားသလို ပြိုင်ပွဲပြင်ဆင်မှုအတွက် လည်း အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူ ခရိတ်စပန့်စ်က ပြောသွားခဲ့ပါတယ်။
အခုနှစ် မသန်စွမ်းအိုလံပစ်မှာ အိုလံပစ်ကော်မတီအဖွဲ့ဝင် ၁၆၇ ခုအပြင် ကြားနေ မသန်စွမ်း အိုလံပစ်အသင်းနဲ့ ဒုက္ခသည်များ မသန်စွမ်းအိုလံပစ်အသင်းတို့ကလည်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။