ဒီဇင်ဘာ ၁၂ ရက်နောက်ပိုင်း မန်ယူအသင်းမှာ ကစားခွင့် မရခဲ့ပေမဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ အသင်းမှာ ပြန်ကစားခွင့်ရဖို့ မျှော်လင့်နေဆဲဖြစ်ပြီး အချိန်ပိုလေ့ကျင့်မှုတွေကိုပါ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အသက် ၂၇ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ မန်ယူအကယ်ဒမီထွက်ဖြစ်သလို မန်ယူအသင်း အနာဂတ်အတွက် အားကိုးရမယ့်ကစားသမားလို့ သတ်မှတ်ခံခဲ့ရပေမယ့် နည်းပြသစ်အမ်မိုရင်လက်ထက် မှာတော့ ခြေစွမ်းမပြနိုင်ခဲ့သလို ပွဲကစားခွင့်ပါ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခုဇန်နဝါရီဈေးကွက်မှာလည်း မန်ယူအသင်းကနေ ထွက်ခွာဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားနေခဲ့တာပါ။

ဘရိုက်တန်အသင်းကို ရှုံးတဲ့ပွဲ အပြီးမှာ ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်လို့ မေးမြန်းမှုကို နည်းပြ အမ်မိုရင်က ရှက်ရှ်ဖို့ဒ်ရဲ့ရွေးချယ်မှုကသာ အဓိကကျပြီး နည်းပြတစ်ယောက်အနေနဲ့ကတော့ အသင်းအတွက် အကောင်းဆုံးလို့ မယူဆတဲ့ ကစားသမားကို ပွဲကစားခွင့် ပေးမှာ မဟုတ်ပါဘူးလို့ ပြန်လည်ဖြေရှင်းထားခဲ့တာပါ။ဒါပေမဲ့ သတင်းတွေအရတော့ ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းမှာ ပြန်ကစားခွင့်ရခဲ့မယ်ဆိုရင် အကောင်းဆုံး ပေးဆပ်ကစားနိုင်ဖို့အတွက် လေ့ကျင့်မှုတွေကို အချိန်ပိုယူပြီး ကြိုးစားလေ့ကျင့်နေတယ်လို့ သိရပါတယ်။