မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်က သတ်မှတ်ထားတဲ့စည်းမျဉ်းကို ချိုးဖျက်ခဲ့တာကြောင့် ဒဏ်ကြေးပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ ဇူလိုင်လ(၃၁)ရက်နေ့မှာ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲချိန်စတင်ဖို့အတွက် နောက်ကျခဲ့တာကြောင့် အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
ပရီးမီးယားအဖွဲ့ချုပ်ရဲ့ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ (၂၀၂၂-၂၀၂၃)ဘောလုံးရာသီနဲ့ (၂၀၂၃-၂၀၂၄) ဘောလုံးရာသီတွေရဲ့ပွဲစဉ်တွေမှာ အကြောင်းပြချက်မရှိဘဲ (၂၂)ကြိမ်တိတိ ပွဲချိန်စတင်ဖို့ နောက်ကျခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မန်စီးတီးအသင်းကို ပေါင်(၂)သန်းကျော် ဒဏ်ကြေးပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့သလို မန်စီးတီးအသင်းကလည်း ဒဏ်ကြေးပေးဖို့ လက်ခံခဲ့တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းအနေနဲ့ သူတို့ရဲ့ လုပ်ရပ်အတွက် တောင်းပန်ခဲ့သလို နောက်တစ်ကြိမ် ထပ်မဖြစ်ဖို့အတွက်လည်း ဂရုစိုက်လုပ်ဆောင်သွားမယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို ပြောကြားခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။