တိုက်စစ်မှူး မက်ဆီအနေနဲ့ မကြာခင်မှာ အသင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်တယ်လို့ အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက ပြောကြားလိုက်ပါတယ်။
မက်ဆီဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဇူလိုင်လ ၁၄ ရက်နေ့မှာ ကစားခဲ့တဲ့ ကိုပါအမေရိက ဗိုလ်လုပွဲနောက်ပိုင်း အင်တာမိုင်ယာမီအသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင် ဖြစ်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းရဲ့ ၂၀၂၄ လိဂ်ဖလားပြိုင်ပွဲ ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့ မက်ဆီဟာ လိဂ်ဖလားပြိုင်ပွဲအပြီး ကစားတဲ့ မေဂျာလိဂ်ပွဲစဉ်တွေမှာလည်း မပါဝင်နိုင်သေးပါဘူး။
ဒါ့အပြင် စက်တင်ဘာလထဲမှာ ကစားရမယ့် အာဂျင်တီးနားအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လူစာရင်းမှာလည်း မက်ဆီကို ချန်လှပ် ထားခဲ့ပါတယ်။
မက်ဆီရဲ့ ခြေကျင်းဝတ်ဒဏ်ရာက မျှော်လင့်ထားတာထက် ပိုပြီး ဆိုးရွားတဲ့အတွက် အနားယူချိန်ကလည်း ပိုကြာြမင့်ခဲ့တယ်ဆိုပေမယ့် မေဂျာလိဂ်ရာသီ မကုန်ခင်မှာတော့ မက်ဆီပြန်ကစားနိုင်မှာဖြစ်တယ်လို့ နည်းပြမာတီနိုက ပြောသွားခဲ့ပါတယ်။
မက်ဆီအနေနဲ့ အောက်တိုဘာလကုန်ပိုင်းမှာ အသင်းအတွက် ပြန်ကစားနိုင်ဖွယ် ရှိနေတယ်လို့လည်း မာတီနိုက ခန့်မှန်းသွားခဲ့ပြီး အသင်းဆေးအဖွဲ့အနေနဲ့ မက်ဆီရဲ့ ဒဏ်ရာကို အနီးကပ် စောင့်ကြည့်ကာ လိုအပ်တဲ့ကုသမှုတွေ ပြုလုပ်ပေးနတယ်လို့ ပြောသွားခဲ့ပါတယ်။