အင်တာမိုင်ယာမီနည်းပြ မာတီနိုက အသင်းရဲ့အဓိကတိုက်စစ်မှူး မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို ဝင်ရောက်ကစားပေးနိုင်ဦးမှာ မဟုတ်သေးကြောင်း ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ကိုလံဘီယာ အသင်းနဲ့ကစားခဲ့တဲ့ (၂၀၂၄)ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာကြောင့် အနားယူနေရတာပါ။
မက်ဆီအနေနဲ့အခုအချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းတချို့ ပြုလုပ်နေပေမဲ့ အသင်းရဲ့ပွဲစဉ်တွေမှာ ကစားပေးနိုင်ဦးမှာ မဟုတ်သေးဘူးလို့ နည်းပြမာတီနိုက ပြောကြားခဲ့တာပါ။
ဒါပေမယ့်လည်း မက်ဆီရဲ့ ဒဏ်ရာက တဖြည်းဖြည်းနဲ့ ကောင်းမွန်လာပြီဖြစ်တဲ့အတွက် မကြာခင်မှာ သူ့ကိုအသုံးပြုဖို့အတွက် စဉ်းစားသွား မယ်လို့လည်း နည်းပြမာတီနိုက ဆက်လက်ပြောကြားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ အခုဘောလုံးရာသီ မေဂျာလိဂ် ပြိုင်ပွဲ(၂၅)ပွဲကစားပြီးချိန်မှာ (၁၆)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၄)ပွဲရှုံးရလဒ်နဲ့အတူ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။