ဘာစီလိုနာအသင်းနဲ့ စပိန်လူငယ်ကြယ်ပွင့် လာမိုင်း ယာမယ်က ဘာစီလိုနာဂန္ထဝင် မက်ဆီလို အဆင့်မျိုး ရောက်ဖို့က မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။
အသက် ၁၇ နှစ်သာရှိသေးတဲ့ ယာမယ်ဟာ ဘာစီလိုနာအသင်းနဲ့ အတူ ခြေစွမ်းပြနေသလို စပိန်လက်ရွေးစင်အသင်းနဲ့လည်း ယူရိုချန်ပီယံဆုကို ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက လာလီဂါသမိုင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်ခဲ့တဲ့ ယာမယ်ကို မက်ဆီနဲ့ ခိုင်းနှိုင်းချီးကျူးနေကြတာဖြစ်ပြီး ယာမယ်ကတော့ မက်ဆီနဲ့ ခိုင်းနှိုင်းခံနေရမှုက ဖိအားတွေဖြစ်စေနိုင်သလို ကိုယ်ပိုင်ပုံစံနဲ့ပဲ အောင်မြင်မှုကို ရယူသွားချင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။
ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားတစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ ခိုင်းနှိုင်းခံရတာက ဂုဏ်ယူစရာကောင်းပေမယ့် ကျွန်တော်ကတော့ ကိုယ်ပိုင် ပုံရိပ်နဲ့ပဲ အောင်မြင်မှုရချင်ပါတယ်လို့ ယာမယ်က ပြောသွားခဲ့ပါတယ်။
ဆက်လက်ပြီး ယာမယ်က မက်ဆီလို ခြေစွမ်းအဆင့်အတန်းမျိုးကို လိုက်မီဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။
စပိန်လက်ရွေးစင်အသင်း၊ ဘာစီလိုနာအသင်းတွေနဲ့ ခြေစွမ်းပြခဲ့တဲ့ ယာမယ်ရဲ့ ဈေးကွက်တန်ကြေးကလည်း ယူရို ပြိုင်ပွဲအပြီးမှာ ယူရို သန်း ၁၂၀ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
ဘာစီလိုနာရဲ့ ဂန္ထဝင်တစ်ယောက် ဖြစ်ချင်ပေမယ့် အခုလိုမျိုး မြင့်မားတဲ့ တန်ကြေးသတ်မှတ်မှုမျိုးကို သဘောမကျဘူးလို့ ယာမယ်က ပြောပါတယ်။