ဘုန်းမောက်အသင်းကို ရောက်လာခဲ့ပြီးနောက် အိမ်ကိုပြန်ရောက်ရသလိုပဲ ခံစားခဲ့ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ မက္ကဆီကို နောက်ခံလူ အာရူဂျိုက ပြောကြားလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အာရူဂျိုဟာ လာလီဂါကလပ် ဘာစီလိုနာအသင်းကနေ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဝန်းကျင်နဲ့ရောက်ရှိလာခဲ့တာ ဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ပရီးမီးယားလိဂ်မှာ သက်သေပြနိုင်တော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်။
ဘုန်းမောက်အသင်းနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့တဲ့ အာရူဂျိုက အသင်းဖော်တွေရဲ့ နွေးထွေးစွာ ကြိုဆိုမှုတွေကြောင့် နေရာသစ်မှာ အလျင်မြန်ဆုံး အထိုင်ကျစေဖို့အတွက် အကူအညီဖြစ်စေလိမ့်မယ်လို့လည်း ယုံကြည်နေတာပါ။
ဘုန်းမောက်အသင်းနည်းပြ အိုင်ရာအိုလာကလည်း အာရူဂျိုရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို သဘောကျတဲ့အတွက် အခုလိုမျိုး ခေါ်ယူခဲ့တာဖြစ်ပြီး စနေညမှာကစားရမယ့် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ အာရူဂျိုကို ပွဲထွက်အသုံးပြုဖွယ်ရှိနေပါတယ်။
၂၀၂၃ မှာ မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်စီအသင်းကနေ ဘာစီလိုနာကို ရောက်လာခဲ့တဲ့ အာရူဂျိုဟာ ပြီးခဲ့တဲ့ရာသီက ပယ်မက်စ် အသင်းကို အငှားထွက်ကစားခဲ့ရပြီး ၂၈ ပွဲမှာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။