ဩဂုတ်လ(၁၂)ရက်နေ့ ညက ကစားခဲ့တဲ့ မိုနာကိုအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ဂျိုအမ်ဂမ်ပါ ဖလားပွဲစဉ်မှာ မိုနာကိုအသင်းက (၃)ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
မိုနာကိုအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ပွဲချိန်အတွင်း အကြိတ်အနယ် ကစားခဲ့ကြပေမယ့် မိုနာကိုအသင်းက ရရှိလာတဲ့အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင် ခဲ့တာကြောင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံဖြစ်လာခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ အခုပွဲစဉ်မှာ အသင်းရဲ့အဓိက ကစားသမားတချို့ ပါဝင်လာခဲ့ပေမယ့် လူငယ်ကစားသမားအများစုကိုသာ ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့တာကို တွေ့ခဲ့ရပါတယ်။
မိုနာကိုအသင်းကတော့ အဓိကကစားသမားတွေကိုသာ ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့တာကြောင့် ဘာစီလိုနာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
မိုနာကိုအသင်းအတွက် သွင်းဂိုးတွေကိုတော့ ကာမာရာ၊ အမ်ဘိုလိုနဲ့ မာဝစ်ဆာတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုပွဲစဉ်ကို အိမ်ကွင်းမှာ ကစားခဲ့တာကြောင့် နည်းပြဟန်ဆီဖလစ်လက်ထက် ပထမဆုံး အိမ်ကွင်းရှုံးပွဲလည်း ဖြစ်လာခဲ့ပါတယ်။