နည်းပြဒီဇာဘီနဲ့ ရာသီကုန်မှာလမ်းခွဲခဲ့ပြီးနောက် ဘရိုက်တန်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဟာဇီလာက လာမယ့်ရာသီမှာ ဘရိုက်တန်အသင်းကို ရလဒ်ကောင်းရအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

နည်းပြဟာဇီလာဟာ ပြီးခဲ့တဲ့ရာသီက စိန့်ပေါ်လီအသင်းကို ဘွန်ဒက်လီဂါ(၂)ပြိုင်ပွဲရဲ့ အမှတ်ပေးချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး အခုဘောလုံးရာသီမှာ ဘွန်ဒက်လီဂါပြိုင်ပွဲကို တန်းတက်ခွင့်ရအောင် လုပ်ဆောင်ပေးခဲ့တာပါ။

ဘရိုက်တန်အသင်းကို ကိုင်တွယ်ရတာက စိန်ခေါ်မှုတစ်ခု ဖြစ်ပေမယ့် စိန့်ပေါ်လီအသင်းမှာ လုပ်ဆောင်ပေးခဲ့တဲ့အတိုင်း အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ နည်းပြ ဟာဇီလာက ပြောပါတယ်။ ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လာမယ့်ဩဂုတ်လ (၁၇)ရက်နေ့မှာ အဲဗာတန်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။