ဇူလိုင်လ(၂)ရက်နေ့က ကစားခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ ကိုပါအမေရိကဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘရာဇီး အသင်းက နိုင်ပွဲရအောင် မကစားနိုင်ခဲ့ပဲ တစ်ဖက်(၁)ဂိုးစီ သရေကျခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ ပွဲအစ (၁၂) မိနစ်မှာတင် ဦးဆောင်ဂိုးရခဲ့ပေမယ့် ကိုလံဘီယာအသင်းကို ပထမပိုင်းမှာတင် ချေပဂိုးပြန်ပေးခဲ့ရတာပါ။ ဘရာဇီးအသင်းဟာ အခုပွဲစဉ်မှာ သရေကျခဲ့တာကြောင့် အုပ်စုအမှတ်ပေးဇယားထိပ်က ကိုလံဘီယာအသင်းနဲ့ (၂)မှတ်အကွာ ရမှတ်(၅)မှတ်နဲ့ အုပ်စုဒုတိယနေရာသာ ရရှိခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ဥရုဂွေးအသင်းနဲ့ ကစားရမှာဖြစ်ပြီး ကိုလံဘီယာနဲ့ပွဲစဉ်မှာအဝါကတ် ထိခဲ့တဲ့ တောင်ပံကစားသမား ဗင်နီးစီးယက်စ်ဂျူနီယာကတော့ အဝါကတ် (၂)ကြိမ်ပြည့်သွားခဲ့တဲ့အတွက် ဥရုဂွေးအသင်းနဲ့ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။