အခုနွေရာသီမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘရန်ဖို့ဒ်အသင်းက ခေါ်ယူထားတဲ့ ဘရာဇီးတိုက်စစ်မှူး သီယာဂိုဟာ ဒူးဒဏ်ရာ ခွဲစိတ်မှု ခံယူခဲ့ရတာကြောင့် ၂၀၂၄ နှစ်ကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။
တိုက်စစ်မှူး သီယာဂိုဟာ ပြီးခဲ့တဲ့လက ဘယ်လ်ဂျီယံကလပ်အသင်း တစ်သင်းဖြစ်တဲ့ ကလပ်ဘရုဂျ်အသင်း ကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ဘရန်ဖို့ဒ်အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့က ဝင်ဘယ်ဒန်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဘရန်ဖို့ဒ်အသင်းရဲ့ ကြေညာချက် မှာတော့ တိုက်စစ်မှူး သီယာဂို အနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ဒဏ်ရာကနေ ပြန်လည် သက်သာလာ ဖို့အတွက် အနားယူရမှာဖြစ်တယ် လို့ ရေးသားထားပါတယ်။
တိုက်စစ်မှူး သီယာဂိုဟာ ပြီးခဲ့တဲ့ရာသီက ဘယ်လ်ဂျီ ယံလိဂ် ၃၄ ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ကလပ်ဘရုဂျ်အသင်းကို ချန်ပီယံဖြစ်လာဖို့ ကူညီပေးခဲ့တာပါ။ ဘရန်ဖို့ဒ်အနေနဲ့ အခုလို သီယာဂို ဒဏ်ရာရသွားတဲ့အတွက် တိုက်စစ်မှူး တိုနေးကို ရောင်းချဖို့ ကိစ္စက ပြန်လည် စဉ်းစားဖွယ်ရှိနေပါတယ်။