ရီးရဲလ်အသင်းရဲ့နည်းပြ အန်ဆလော့တီက ဗလန်စီယာအသင်းနဲ့ပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရတဲ့ ဗီနီစီးယက်စ်အနေနဲ့ ပွဲပယ်မခံရဖို့အတွက် မျှော်လင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဗီနီးစီးယက်စ်ဟာ ဗလန်စီယာအသင်းကို (၂)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးသမားကို တွန်းခဲ့တာကြောင့် ပွဲချိန်(၇၉)မိနစ်မှာ အနီကတ်ပြ ထုတ်ပယ်ခံ ခဲ့ရတာပါ။ ဗီနီစီးယက်စ်ရဲ့ အနီကတ်ပြစ်ဒဏ်ဟာ ပြင်းထန်တာကြောင့် အယူခံဝင်ဖို့အတွက် ရီးရဲလ်အသင်းက လုပ်ဆောင်နေပါတယ်။ ကျူးလွန်ခဲ့တဲ့အနေအထားက အနီကတ်မဟုတ်ဘဲ အဝါကတ်လောက်သာ ဖြစ်သင့်တာ ကြောင့် ပွဲပယ်မခံရဖို့အတွက် မျှော်လင့်မိတယ်လို့ ရီးရဲလ်နည်းပြအန်ဆလော့တီက ပြောပါတယ်။ ဗလန်စီယာ အသင်းနဲ့ပွဲစဉ်က အသင်းသားတိုင်းအတွက် ခက်ခဲခဲ့ရသလို ဗီနီစီးယက်စ်ကလည်း သူ့ရဲ့ လုပ်ရပ်အတွက် တောင်း ပန်ခဲ့တယ်လို့ နည်းပြအန်ဆလော့တီက ဆက်လက်ပြောကြားခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ ဗလန်စီယာအသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန်(၈၄)မိနစ်ထိ ရှုံးနိမ့်နေခဲ့သလို တစ်ယောက်လျော့နဲ့ကစားခဲ့ရပေမယ့် ပွဲအပြီးမှာ (၂)ဂိုး၊ (၁)ဂိုး နဲ့အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ရီးရဲလ်အသင်းဟာ လာလီဂါ(၁၉)ပွဲ ကစားပြီးချိန်မှာ (၁၃)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရမှတ်(၄၃)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။