ဖီဖာကချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲကို ဒီဇင်ဘာလ၊၁၇ ရက်နေ့က ကျင်းပခဲ့ရာမှာ ရီးရဲလ်အသင်း ရဲ့ ဘရာဇီးတောင်ပံကစားသမား ဗီနီစီးယက်စ်က တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒီဆုပေးပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဘောလုံးသမားတွေအတွက် တစ်ဦးချင်းအကောင်းဆုံး ဆုတွေကို ချီးမြှင့်ခဲ့တာပါ။

ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ လာလီ ဂါ၊ စပိန်စူပါဖလားတို့ ရယူနိုင်ခဲ့ရာမှာ အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့သလို ပြိုင်ပွဲစုံ(၂၄)ဂိုးသွင်းကာ (၁၁)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရွှေဘောလုံးဆုပေးပွဲအခမ်းအနားကို မတက်ရောက်ခဲ့ပေမယ့် ဖီဖာရဲ့ ဆုပေးပွဲ ကိုတော့ ဗီနီစီးယက်စ် တက်ရောက်ခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကိုယ်တိုင်လက်ခံ ရယူခဲ့ပါ တယ်။

ဗီနီစီးယက်စ်က သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တစ်နှစ်တာအကောင်းဆုံး ကစားသမား ဆုကို ရယူနိုင်ခဲ့သလို ရီးရဲလ်အသင်းနည်းပြ အန်ဆလော့တီကလည်း တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ပါတယ်။ အမျိုးသမီးအကောင်းဆုံးဆုတွေမှာတော့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘာစီလိုနာ ကွင်းလယ်လူ ဘွန်မာတီက ရရှိခဲ့ပြီး တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ချယ်လ်ဆီးအမျိုးသမီးအသင်းရဲ့ နည်းပြဟောင်း အမ်မာဟေးရက်စ်က ရရှိခဲ့ပါတယ်။