ပြင်သစ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့တာကြောင့် စပိန်အသင်းရဲ့ ပရိသတ်တွေဟာ ပွဲအပြီးမှာ အောင်ပွဲခံခဲ့ကြပါတယ်။
စပိန်အသင်းဟာ ပြင်သစ်ကို ဦးဆောင်ဂိုး အရင် ပေးခဲ့ရပေမယ့် သွင်းဂိုး(၂)ဂိုး ပြန်သွင်းနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာအနိုင်ရခဲ့တာပါ။
ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်း သားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ပရိသတ်တွေက ကျေနပ်ခဲ့ကြသလို ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့တဲ့ အတွက် ပွဲအပြီးမှာ ဝမ်းသာအားရ အောင်ပွဲခံခဲ့ကြပါတယ်။

ဒီပွဲစဉ်မှာ စပိန်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အသက်(၁၆)နှစ်အရွယ် လူငယ်တောင်ပံကစားသမား ယာမယ်ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါသေးတယ်။
ယူရို (၂၀၂၄)ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့တဲ့ စပိန်အသင်းဟာ လာမယ့် ဇူလိုင်လ(၁၄)ရက်နေ့မှာ နယ်သာလန်-အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။