အာဆီယံချန်ပီယံရှစ် ၂၀၂၄ ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဖိလစ်ပိုင်နဲ့ မြန်မာအသင်းတို့ ဒီဇင်ဘာ ၁၂ ရက်၊ ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။
မြန်မာအသင်းအနေနဲ့ ပထမအဖွင့်ပွဲစဉ်မှာ အင်ဒိုနီးရှားအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ထားတာကြောင့် အခုအဝေး ကွင်းမှာကစားရတဲ့ ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရဖို့ကြိုးစားခဲ့ပေမယ့် သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။မြန်မာအသင်းဟာ ပွဲကစားချိန် ၂၅ မိနစ်မှာသွင်းယူတဲ့ မောင်မောင်လွင်ရဲ့ဖရီးကစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၇၂ မိနစ်မှာတော့ ပင်နယ်တီကတစ်ဆင့် ချေပဂိုး ပြန်ပေးလိုက်ရတာဖြစ်ပါတယ်။
အုပ်စုပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ မြန်မာအသင်းဟာ တစ်ပွဲရှုံး တစ်ပွဲသရေနဲ့ ရမှတ် ၁ မှတ်ရရှိထားပြီး ဒီဇင်ဘာ ၁၈ ရက်မှာ လာအိုအသင်းနဲ့အိမ်ကွင်း၊ ဒီဇင်ဘာ၂၁ ရက်မှာဗီယက်နမ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။