ဇူလိုင်လ ၁၄ ရက်ညမှာ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်အသင်းနဲ့ ယူရို ဗိုလ်လုပွဲက ပွဲကြီးပွဲကောင်းပဲလို့ စပိန်နည်းပြ ဒီလာ ဖူအန်တီက ပြောဆိုလိုက်ပါတယ်။
နည်းပြ ဖူအန်တီရဲ့ စပိန်အသင်းဟာ အခုနှစ်ယူရိုပြိုင်ပွဲမှာ ပွဲစဉ်တိုင်းကို အနိုင်ကစားထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး လက်ရှိအချိန်မှာလည်း ဗိုလ်လုပွဲအတွက် သေချာ အာရုံ စိုက် လေ့ကျင့်ပြင်ဆင်ထားတယ်လို့ နည်းပြ ဖူအန်တီက ပြောပါတယ်။
ဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ အင်္ဂလန်အသင်းအကြောင်းကို သေချာလေ့လာထားပြီး အင်္ဂလန်အသင်းက တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမားတွေ ပါဝင်တာဖြစ်လို့ ပွဲချိန်ပြည့် အာရုံစိုက်ထားဖို့ လိုအပ်တယ်လို့ နည်းပြဖူအန်တီက သုံးသပ်ထားပါတယ်။
ဗိုလ်လုပွဲမှာ တွေ့ဆုံမယ့် နှစ်သင်းက ကစားပုံချင်း မတူတာကြောင့် ပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှု အပြည့်ပေးမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ နည်းပြဖူအန်တီက ပြောသွားခဲ့ပါတယ်။
စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်မယ့် ယူရိုဗိုလ်လုပွဲကို ဘာလင်မြို့မှာ ကျင်းပမှာဖြစ်ပြီး စပိန်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ၄ ကြိမ်မြောက် ယူရိုချန်ပီယံဆုကို ရယူနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။