ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က လာလီဂါပြိုင်ပွဲမှာ ကိုယ့်အသင်းအပေါ်ပဲ အာရုံစိုက်ထားမှာဖြစ်ပြီး ပြိုင်ဘက် အသင်းတွေရဲ့အခြေအနေကို အာရုံစိုက်နေမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာ အသင်းဟာ တနင်္ဂနွေညက ကစားခဲ့တဲ့ပွဲမှာ ဆီဗီလာအသင်းကို အနိုင်ယူခဲ့ပြီးနောက် လာလီဂါအမှတ်ပေး ဇယားမှာ ထိပ်ဆုံး က ဦးဆောင်နေတဲ့ ရီးရဲလ်အသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်တဲ့ လာလီဂါချန်ပီယံဆု လုပွဲနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ဖလစ်ခ်က အခုချိန်မှာ ပြိုင်ဘက် အသင်းတွေအကြောင်း ကို အာရုံစိုက်နေရမယ့်အချိန်မဟုတ်ဘဲ ကိုယ့်အလုပ်ကိုယ် လုပ်ရမယ့် အချိန်ဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းသွားခဲ့ ပါတယ်။

လက်ရှိအချိန်မှာ လာလီဂါချန်ပီယံဆုအတွက် ရီးရဲလ်၊ အက်သလက်တီကိုအသင်းနဲ့ ဘာစီလိုနာအသင်း တို့ဟာ အပြိုင်ဖြစ်လာနေတာပါ။