လီဗာပူးအသင်းရဲ့နည်းပြအာနီစလော့က လီဗာပူးအသင်းဟာ အခုအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာ မှာ ရပ်တည်နေတယ်ဆိုပေမယ့် ပြိုင်ဘက်အသင်းတွေကို အထင်မသေးကြဖို့ အသင်းသားတွေကို သတိပေးသွားခဲ့ ပါတယ်။

ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေခဲ့တဲ့ လီဗာပူးအသင်းဟာ တစ်ပွဲလျော့ကစားထားပေမယ့် ဒုတိယ နေရာက ချယ်လ်ဆီးအသင်းကို (၄)မှတ်အထိဖြတ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာပါ။ ပြိုင်ဘက်အသင်းတွေက လီဗာပူးအသင်းနဲ့ တွေ့ဆုံကြတဲ့အချိန်တိုင်းမှာ သူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ ပြင်ဆင်လာ ကြမှာဖြစ်လို့ အထင်မသေးကြဖို့လိုတယ်လို့ အသင်းသားတွေကို နည်းပြအာနီစလော့က သတိပေးသွားခဲ့တာပါ။

စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ (၁၅)မိနစ်အတွင်း (၂)ဂိုးပြန်ပေးခဲ့ရတာကြောင့်လည်း ပရီးမီးယားလိဂ်မှာ ကစား မယ်ဆိုရင် (၁)မိနစ်လောက်တောင်မှ သတိလက်လွတ်ဖြစ်လို့ မရဘူးလို့ နည်းပြအာနီစလော့က ဆက်လက်ပြော ကြားသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်(၁၆)ပွဲ ကစားထားပြီးချိန်မှာ (၁၂)ပွဲနိုင်၊ (၃)ပွဲ သရေ၊ (၁)ပွဲရှုံး၊ ရမှတ်(၃၉)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေပါတယ်။