မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာပထမဆုံးအကြိမ်အဖြစ် အသက် (၃၅)နှစ်အထက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ၃၀ရက်ကနေ ဇန်နဝါရီ၆ရက်အထိ ကျင်းပမှာဖြစ်တယ်လို့ ပြင်ဦးလွင်မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကနေသိရပါတယ်။

ဒီပြိုင်ပွဲကို ဖူဆယ်ဘောလုံးအသင်း (၁၂) သင်းဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတယ်လို့ ဆိုပါတယ်။
“မြို့တွင်းမှာတော့ ပထမဦးဆုံးကျင်းပဖြစ်တာပါ။

သက်ကြီးဘောလုံးဝါသနာရှင် တွေအတွက်စဉ်းစားပြီး စီစဉ်ဖြစ်တာပေါ့။ နောက်ဆက်တွဲပြိုင်ပွဲတွေးကျင်းပပြုလုပ်သွားမှာပါ” လို့ ပြင်ဦးလွင်မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆရာဒေးဗစ်ကပြောပါတယ်။

လက်ရှိစာရင်းပေးသွင်းထားတဲ့အသင်းတွေထဲမှာ အသက်(၃၅)နှစ်အထက် ကစားသမားအယောက်၆၀၊ အသက်(၄၀) အထက် ကစားသမားအယောက်၇၀နဲ့ အသက် (၅၀)ကျော် ကစားသမား၁၄ယောက် ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။