ပြင်သစ် ဂန္ထဝင်တိုက်စစ်မှူး အွန်နရီဟာ ပြင်သစ်ယူ-၂၁ အသင်းနည်းပြအဖြစ်ကနေ နုတ်ထွက်သွားခဲ့တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဩဂုတ်လ ၁၉ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
နည်းပြ အွန်နရီဟာ ၂၀၂၄ ပဲရစ်အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပြင်သစ် ယူ-၂၁ အသင်းကို ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ဗိုလ်လုပွဲမှာတော့ ပြင်သစ်အသင်းဟာ စပိန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၅ ဇွန်လအထိ စာချုပ်သက်တမ်းရှိထားပေမယ့် နည်းပြအွန်နရီဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်း ပြချက်နဲ့အတူ နည်းပြအဖြစ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အွန်နရီဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ အတူ ချန်ပီယံဆုကို ရခဲ့သလို ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ အိမ်ရှင်ပြင်သစ် အသင်းက ဒုတိယဆုသာရခဲ့ပေမယ့် အွန်နရီရဲ့ အသင်းကို ဦးဆောင်နိုင်စွမ်းနဲ့ တိုက်စစ်အသားပေးကစားပုံတွေ ကြောင့် ချီးကျူးမှုကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။