ပဲလေ့စ်အသင်းဟာ အာဆင်နယ်အသင်း တိုက်စစ်မှူး အန်ကီတီယာကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဩဂုတ်လ(၃၀) ရက် နေ့က တရားဝင် ကြေညာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အန်ကီတီယာကို ရောင်းချဖို့အတွက် ဆုံးဖြတ် ထားခဲ့တာဖြစ်ပြီး ပဲလေ့စ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။
ပဲလေ့စ်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိသလို စိတ်လှုပ်ရှားမိတယ်လို့ အန်ကီတီယာက ပြောပါတယ်။
သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ လန်ဒန်တောင်ပိုင်းက ပဲလေ့စ်အသင်းဆီကိုပြန်လည်ပြောင်းရွှေ့လာနိုင်ခဲ့တဲ့အတွက် အိမ်ကိုပြန်ရောက်သလို ခံစားရတယ်လို့လည်း အန်ကီတီယာက ပြောသွားခဲ့ပါတယ်။

အန်ကီတီယာကို ခေါ်ယူဖို့အတွက် အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀) ပေးချေခဲ့ရတာဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဝုဖ်ဘတ်နောက်ခံလူ လာခရော့စ်ကို ခေါ်ခဲ့တဲ့ ပဲလေ့စ်အသင်းအတွက် အန်ကီတီယာက ၅ ယောက်မြောက် အသစ်ခေါ်ယူလိုက်တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။