ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက ပီအက်စ်ဂျီအသင်းနဲ့ တရားစွဲဆိုထားတဲ့အမှုကို ကျေအေးပေးဖို့အတွက် ပြင်သစ်ဘောလုံးလိဂ်ရဲ့ကမ်းလှမ်းချက်ကို စက်တင်ဘာလ(၁၁)ရက်နေ့က ငြင်းဆိုသွားခဲ့ပါတယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာကစားခဲ့စဉ်က သူ့ကိုပေးဖို့ကျန်နေတဲ့လစာကို ပေးချေဖို့အတွက် ပျက်ကွက်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းကို တရားစွဲဆိုထားတာပါ။
အချက်အလက်တွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေရဲ့(၃)လစာအပြင် အပိုဆုကြေးတွေကို ပေးချေဖို့ ပျက်ကွက်ခဲ့တာဖြစ်ပြီး ပေါင်(၅၅)သန်း ပေးချေသွားရမယ်လို့ သိရပါတယ်။
ပြင်သစ်ဘောလုံးလိဂ်က ပီအက်စ်ဂျီနဲ့အမှုကို ကျေအေးပေးဖို့ အတွက် အမ်ဘာပေကို တောင်းဆိုခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြလာကြပါတယ်။
အမ်ဘာပေဟာ အခုနှစ်ဘောလုံးရာသီအစမှာ ပီအက်စ်ဂျီအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲမှာ (၃)ဂိုးသွင်းယူ ပေးထားပါ တယ်။