ပြီးခဲ့တဲ့တစ်ပတ်က ဟီရိုး ကမ္ဘာ့ချဲလင့်ပြိုင်ပွဲ ချန်ပီယံဆုကို ရရှိခဲ့တဲ့ အမေရိကန်နိုင်ငံသား ရှက်ဖလာဟာ ၂၀၂၄ အတွက် ပီဂျီအေတိုး တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

ရှက်ဖလာအတွက် ဒီဆုကို ၃ နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပြီး တစ်နိုင်ငံတည်းသား တိုက်ဂါးဝုဒ်နောက်ပိုင်း ၃ နှစ်ဆက် ရွေးချယ်ခံရတဲ့ ဒုတိယမြောက် ဂေါ့ဖ်သမား ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့အဆင့်-၁ လည်းဖြစ်တဲ့ ရှက်ဖလာဟာ အခုနှစ်အတွက် မဲပေးရွေးချယ်မှုမှာ ၉၁ ရာခိုင်နှုန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။

ရှက်ဖလာဟာ ၂၀၂၄ ခုနှစ်အတွင်း ကစားသမားဘဝ ဒုတိယမြောက် မာစတာချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ပီဂျီအေတိုးပြိုင်ပွဲချန်ပီယံဆုကိုလည်း ၇ ခုအထိ ရယူနိုင်ခဲ့ သူဖြစ်ပါတယ်။ မြောက်အိုင်ယာလန်နိုင်ငံသား မက်အီရွိုင်းကလည်း တစ်နှစ်တာအကောင်းဆုံးဆုကို ၃ ကြိမ်ရရှိ ထားခဲ့ဖူးပေမယ့် ၃ နှစ်ဆက် ရွေးချယ်ခံရတာဆိုလို့ တိုက်ဂါးဝုဒ်နဲ့ရှက်ဖလာတို့ ၂ ယောက်သာ ရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က တိုက်ဂါးဝုဒ် ဦးစီးကျင်းပတဲ့ ဟီးရိုးကမ္ဘာ့ချဲလင့်ပြိုင်ပွဲမှာ အနိုင်ရခဲ့သလို အခုလည်း တိုက်ဂါး ဝုဒ်ရဲ့ စံချိန်မှတ်တမ်းတစ်ခုကို လိုက်မီနိုင်လို့ ပျော်ရွှင်မိပါတယ်လို့ အသက် ၂၈ နှစ်အရွယ် ရှက်ဖလာက ပြောသွား ခဲ့ပါတယ်။