တိုးဒီဖရန့်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ စလိုဗေးနီးယားနိုင်ငံသား ပိုဂါကာကို ဇူလိုင်လ ၂၄ ရက်နေ့က စလိုဗေးနီးယား နိုင်ငံရဲ့ မြို့တော် လူဘလီယာနာမှာ ပရိသတ်တွေက ကြိုဆိုခဲ့ကြပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့မှာ တိုးဒီဖရန့် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ပိုဂါကာဟာ ၁၉၉၈ နောက်ပိုင်း တစ်နှစ်အတွင်း ဂီရိုဒီအီတာလီယာနဲ့ တိုးဒီဖရန့် ပြိုင်ပွဲ ချန်ပီယံဆုတွေကို ရယူနိုင်တဲ့ ပထမဆုံး ပြိုင်ပွဲဝင်ဖြစ်လာခဲ့တာပါ။
ဒါ့ကြောင့်လည်း စလိုဗေးနီးယားပြည်သူတွေ ဟာ ပိုဂါကာကို နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ယောက်အဖြစ် ကြိုဆိုမှုတွေပြုလုပ်ခဲ့ကြတာပါ။

အသက် ၂၅ နှစ်အရွယ် ပိုဂါကာ ကြိုဆိုပွဲကို သမ္မတ မူဆာကိုယ်တိုင်တက်ရောက်ခဲ့တာဖြစ်ပြီး ပိုဂါကာရဲ့ စွမ်းဆောင်မှုကို ချီးကျုးသွားခဲ့ပါတယ်။
ပိုဂါကာဟာ ပင်ပမ်းမှုကြောင့် ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပေမယ့် ကမ္ဘာ့ချန်ပီယံရှစ် စက်ဘီးပြိုင်ပွဲကိုတော့ ဝင်ပြိုင်မှာဖြစ်ပြီး ၁၉၈၇ နောက်ပိုင်း ပြိုင်ပွဲ ၃ ခုမှာ အနိုင်ရတဲ့ ပထမဆုံး ကစားသမားဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ ကမ္ဘာ့ချန်ပီယံရှစ် စက်ဘီးပြိုင်ပွဲကိုတော့ လာမယ့်စက်တင်ဘာလမှာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။