ဩဂုတ်လ(၁၆)ရက်နေ့ ညက ကစားခဲ့တဲ့ ဖူဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ မန်ယူအသင်းက လူစားဝင် တိုက်စစ်မှူးဇက်ဇီးရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ပွဲစဉ်မှာ မန်ယူ အသင်းဟာ ဖူဟမ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့အတွက် ရုန်းကန်ခဲ့ရပြီး ဇက်ဇီးရဲ့ နောက်ကျ သွင်းဂိုးကြောင့် (၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
မန်ယူအသင်းဟာ အခုပွဲစဉ်မှာ လူငယ်ကစားသမား အာမက် ဒီယာလိုနဲ့ နောက်ခံလူသစ် မာဇရာဝီတို့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားတွေကို အသုံးပြုခဲ့တာ တွေ့ခဲ့ရပါတယ်။

မန်ယူအသင်းဟာ အခုပွဲစဉ်မှာ ဂိုးသွင်းနိုင်မယ့်အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ဖူဟမ်ဂိုးသမား လီနိုကလည်း အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။
မန်ယူ အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် (၈၇)မိနစ်မှာ လူစားဝင်ကစားသမားတွေဖြစ်ကြတဲ့ ဂါနာချိုရဲ့ပေးပို့မှုကို တိုက်စစ်မှူးသစ် ဇက်ဇီးကသွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။