ဘိုင်ယန်မြူးနစ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ဖူဟမ်အသင်းကနေ ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ပယ်ဟင်ဟာကို ဇူလိုင်လ(၃၀)ရက်နေ့က အသင်းရဲ့အိမ်ကွင်းမှာ ပရိသတ်တွေနဲ့ တရားဝင် မိတ်ဆက်ပေးသွားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပယ်ဟင်ဟာကို (၄)နှစ်စာချုပ်နဲ့ ဖူဟမ်အသင်းကနေ ခေါ်ယူနိုင်ခဲ့ပြီလို့ ဇူလိုင်လ(၁၁)ရက်နေ့မှာတည်းက တရားဝင်ကြေညာခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့တာက ကစားသမာဘဝအိပ်မက်တွေ အမှန်တကယ်ပြည့်မြောက်လာခဲ့တာဖြစ်သလို နာမည်ကြီး ကစားသမားတွေနဲ့အတူ တစ်သင်းတည်း ကစားရမယ့်အပေါ် ဝမ်းသာမိတယ်လို့ ပယ်ဟင်ဟာက ပြောခဲ့ပါတယ်။
ပယ်ဟင်ဟာအနေနဲ့ (၂၀၂၃)ခုနှစ်မှာကတည်းက ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာဖြစ်ပေမယ့်လည်း အခုအချိန်ကျမှ အသင်းကို တရားဝင်ပြောင်းရွှေ့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။