ဘိုင်ယန်မြူးနစ်အသင်းဟာ ဖူဟမ်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ပယ်ဟင်ဟာကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ပယ်ဟင်ဟာ,ဟာ (၂၀၂၃)မှာကတည်းက ဘိုင်ယန်မြူးနစ် အသင်းကို ရောက်ဖို့နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးရက်ရောက်မှ ပျက်ပြယ်ခဲ့ရတာပါ။
ဘိုင်ယန်မြူးနစ် အသင်းဟာ ပယ်ဟင်ဟာကိုခေါ်ဖို့အတွက် ဖူဟမ်အသင်းကို ပြောင်းရွှေ့ကြေးပေါင်(၄၂ ဒသမ ၃)သန်းအပြင် အပို ဆုကြေးအဖြစ် ပေါင်(၄ ဒသမ ၂)သန်းကိုလည်း ပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။
အခုအချိန်မှာ ပေါ်တူဂီ အသင်းနဲ့အတူ ယူရို(၂၀၂၄)ပြိုင်ပွဲ ကစားနေရတဲ့ ပယ်ဟင်ဟာရဲ့အပြောင်းအရွှေ့က ဖူဟမ်အသင်းရဲ့ သမိုင်း တစ်လျှောက် တန်ကြေး အမြင့်ဆုံးပြောင်းရွှေ့ကြေး ဖြစ်လာလိမ့်မယ်လို့လည်း သိရပါတယ်။
အသက်(၂၈)နှစ် အရွယ် ပယ်ဟင်ဟာ,ဟာ ဖူဟမ်အသင်းအတွက် ပြိုင်ပွဲစုံ(၇၉)ပွဲကစားပေးခဲ့ပြီး (၈)ဂိုး သွင်းယူပေးထားပါတယ်။