အသက် ၂၉ နှစ်အရွယ် စပိန်နိုင်ငံသား အဲလက်စ်မားကွက်ဇ်ဟာ ကစားသမားဘဝ ပထမဆုံး မိုတိုဂျီပီပွဲစဉ် အနိုင်ရမှုအဖြစ် စပိန်မိုတိုဂျီပီမှာ အနိုင်ရသွားခဲ့ပါတယ်။ ၂၀၂၀ မှာ မိုတိုဂျီပီပြိုင်ပွဲတွေကို စတင်ယှဉ်ပြိုင်ခဲ့တဲ့ အဲလက်စ်မားကွက်ဇ်ဟာ ၅ နှစ်အကြာမှာ ပထမဆုံး မိုတိုဂျီပီနိုင်ပွဲကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဂရီစီနီ ရေးဆင်းအသင်းသား အဲလက်စ်မားကွက်ဇ်ဟာ အခုရာသီမှာ အကောင်းဆုံးပုံစံကို ပြသနေတာဖြစ်ပြီး အခုနှစ် မိုတိုဂျီပီရာသီရဲ့ ပွဲစဉ် ၅ ပွဲမြောက်မှာပဲ နိုင်ပွဲကို စတင်ရရှိခဲ့တာပါ။ စပိန်မိုတိုဂျီပီရဲ့ စတင်တာထွက်ချိန်မှာ ပြင်သစ်နိုင်ငံသား ကွာတာရာယိုက ထိပ်ဆုံးကနေ တာထွက်ခွင့်ရခဲ့ပေမဲ့ အဲလက်စ်မားကွက်ဇ်က အကောင်းဆုံး ပုံစံနဲ့အတူ နောက်ဆုံးမှာ ကျော်တက်နိုင်ခဲ့ပြီး ပထမနေရာကနေ ပန်းဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အခုပြိုင်ပွဲမှာ အဲလက်စ်မားကွက်ဇ်က ပထမရခဲ့ပြီး ကွာတာရာယိုက ဒုတိယရခဲ့ကာ အီတလီနိုင်ငံသား ဘက်နာရာက တတိယ အသီးသီးရခဲ့ပါတယ်။ အခုနှစ် မိုတိုဂျီပီပြိုင်ပွဲရဲ့ ပွဲစဉ် ၅ ခုအပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာလည်း အဲလက်စ် မားကွက်ဇ်က ရမှတ်ပေါင်း ၁၄၀ နဲ့ ထိပ်ဆုံးနေရာကို ရောက်လာခဲ့သလို အဲလက်စ်မားကွက်ဇ်ရဲ့အစ်ကိုဖြစ်သူ မက်စ် မားကွက်ဇ်က ၁၃၉ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။