တိုးဒီဖရန့်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပိုဂါကာအနေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်တော့မှာမဟုတ်ဘူးလို့ စလိုဗေးနီးယား အိုလံပစ်ကော်မတီက အတည်ပြုလိုက်ပါတယ်။
တိုးဒီဖရန့် ပြိုင်ပွဲကို ၃ ပတ်ကြာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီးနောက်ပင်ပန်းမှုတွေ ခံစားနေရတဲ့အတွက် ပိုဂါကာကို အိုလံပစ်အသင်းမှာ ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ဩဂုတ်လ ၃ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ရမယ့် အိုလံပစ်လမ်းပေါ်စီး စက်ဘီးပြိုင်ပွဲမှာ ပိုဂါကာဟာ နယ်သာလန်နိုင်ငံသား ဗန်ဒါပိုအယ်နဲ့အတူ အနိုင်ရဖို့ ရေပန်းစားနေပေမယ့် အခုချိန်မှာ ပြိုင်ပွဲဝင်ပြိုင်တော့မှာ မဟုတ်တဲ့အတွက် စလိုဗေးနီးယားရဲ့အိုလံပစ်ရွှေတံဆိပ်မျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပါတယ်။
ပိုဂါကာဟာ အခုနှစ် တိုးဒီဖရန့် ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ၁၉၉၈ နောက်ပိုင်း တစ်နှစ်တည်းမှာ ဂီရိုဒီအီတာလီယာနဲ့ တိုးဒီဖရန့် ပြိုင်ပွဲချန်ပီယံဆုကိုရတဲ့ ပထမဆုံး ပြိုင်ပွဲဝင်ဖြစ်လာခဲ့ပါတယ်။
၂၀၂၀ တိုကျိုုအိုလံပစ် လမ်းပေါ်စီးစက်ဘီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တဲ့ ကာရာပက်ဇ်ကလည်း အီကွေဒေါအိုလံပစ်အသင်းမှာ ပါဝင်လာခြင်း မရှိဘူးလို့ သိရပါတယ်။