ဇူလိုင်လ(၅)ရက်နေ့ မနက်ပိုင်းက ကစားခဲ့တဲ့ အီကွေဒေါအသင်းနဲ့ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပွဲချိန်(၃၅)မိနစ်မှာကတည်းက နောက်ခံလူမာတီနက်ဇ်ကြောင့် ဦးဆောင်ဂိုးရခဲ့ပေမယ့် မိနစ်(၉၀)ရောက်မှ အီကွေဒေါအသင်းကို နောက်ကျချေပဂိုး ပေးခဲ့ရတာပါ။

သာမန်ပွဲကစားချိန်အတွင်း တစ်ဖက် (၁)ဂိုးစီ သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံခဲ့ရတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ ပထမ ဆုံးပင်နယ်တီကို မက်ဆီက လွဲချော်ခဲ့ပေမယ့် အီကွေဒေါ အသင်းရဲ့ပင်နယ်တီ(၂)ကြိမ်ကို အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်က ကာကွယ်ခဲ့တာကြောင့် အာဂျင်တီးနားအသင်းက နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါ တယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိက ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဗင်နီဇွဲလား-ကနေဒါ အသင်းတို့ရဲ့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင် ကစားသွားရမှာဖြစ်ပါတယ်။