ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာ အသင်းအတွက် လူသစ်မခေါ်ဖို့ ဆုံးဖြတ်ချက်က မှားယွင်းခဲ့တယ်လို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ဝန်ခံသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အခုနှစ်ဘောလုံးရာသီမစခင် နွေရာသီဈေးကွက် မှာ လူသစ်ခေါ်ယူမှုအဖြစ် တောင်ပံကစားသမား ဆာဗင်ဟိုနဲ့ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်တို့ကိုသာ ခေါ်ယူ အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းဘက်က လူအင်အားဖြည့်မယ့် အစီအစဉ်တင်ပြချက် ကို ငြင်းပယ်ခဲ့တာက အခုချိန်မှာ မှားယွင်းတဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်လို့ နည်းပြဂွါဒီယိုလာက ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။ နွေရာသီမှာ လူအင်အားမဖြည့်တင်းခဲ့တဲ့ အကျိုးရလဒ်ကို မန်စီးတီးဟာ ပထမရာသီဝက်မှာ ခံစားခဲ့ရ ပြီး ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ ကြုံချိန်မှာ အသင်းရလဒ်ပိုင်းလည်း ဆိုးရွားသွားခဲ့ရပါတယ်။

ဒါ့ကြောင့် မန်စီးတီးအသင်းဟာ အခုဇန်နဝါရီဈေးကွက်မှာ လူအင်အားဖြည့်ဖို့ ပြင်ဆင်နေပြီး ပြီးခဲ့တဲ့တစ်ပတ်က နောက်ခံလူ ခူဆာနော့ဗ်ကို ခေါ်ယူထားသလို နောက်ထပ် ကစားသမားတွေ ထပ်မံခေါ်ယူဖို့ကိုလည်း ကြိုးစားနေတာဖြစ်ပါ တယ်။ ဆက်လက်ပြီး နည်းပြဂွါဒီယိုလာက အသင်းမှာ အသက် ၃၀ ကျော် ကစားသမားတွေ များပြားနေမှုကို လျှော့ချနိုင်ဖို့အတွက်ကိုလည်း တဖြည်းဖြည်းချင်း ကြိုးစားသွားရမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။