ဇန်နဝါရီ(၃၀)ရက်က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းက (၂)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အဝေးကွင်းမှာကစားခဲ့ရပေမယ့် ဖိအားပေးကစားနိုင်ခဲ့သလို အသင်းအတွက်လိုအပ်နေတဲ့ အနိုင်(၃)မှတ်ကို အရယူနိုင်ခဲ့တာပါ။
အာဆင်နယ်တိုက်စစ်မှူးဂျီးဆပ်ဟာ ပထမပိုင်းပွဲကစားချိန်အတွင်း ဂိုးရရှိဖို့အတွက် အခွင့်အရေးကောင်းရခဲ့ပေ မယ့် အသုံးမချနိုင်ခဲ့ဘဲ တိုင်ထိထွက်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေ ကျခဲ့ရပါတယ်။ အာဆင်နယ် အသင်းအတွက် လိုအပ်နေတဲ့ဦးဆောင်ဂိုးကိုတော့ ပွဲချိန်(၆၅)မိနစ်မှာ ဇင်ချန်ကိုရဲ့ ပေးပို့မှုကတစ်ဆင့် တိုက်စစ် မှူးဂျီးဆပ်က အနီးကပ်လှလှပပ သွင်းယူပေးခဲ့တာပါ။
အာဆင်နယ်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးက နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ လူပေးမှားမှုကနေ ရရှိလာခဲ့တာဖြစ်ပြီး ဂျီးဆပ်ရဲ့ပေးပို့မှုကတစ်ဆင့် တောင်ပံကစားသမား ဆာကာက သွင်းယူခဲ့တာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ် အသင်းအတွက် ချေပဂိုးကို တိုက်စစ်မှူးအဝိုနီယီက ပွဲချိန်(၈၉)မိနစ်မှာ သွင်းယူပေး နိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းကပဲ ပွဲအပြီးမှာ (၂)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းထက် (၂)ပွဲပိုကစားပြီး ရမှတ်(၃)မှတ်အကွာနဲ့ အမှတ်ပေးဇ ယားရဲ့ အဆင့်(၂)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။