ဘရာဇီး ညာနောက်ခံလူ ယန်းကော်တိုဟာ မန်စီးတီအသင်းကနေ ဒေါ့မွန်အသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဟာ ကော်တိုကို အငှားစာချုပ်ပြည့်ချိန်မှာ ပေါင် ၂၅ ဒသမ ၃ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ကိုပါ သဘောတူညီမှု ရထားခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ကော်တိုဟာ ၂၀၂၀ မှာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပေမယ့် မန်စီးတီအသင်းမှာ ပွဲထွက်ခွင့်ရဖို့အတွက်တော့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဟာ တကယ့်ကိုထူးခြားတဲ့ အသင်းကြီးတစ်သင်းဆိုတာကို ဘရာဇီးမှာရှိတဲ့လူငယ်တိုင်းသိကြပါတယ်လို့ ကော်တိုကအသင်းသစ်နဲ့ ပထမဆုံးအင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ဒေါ့မွန်အသင်းအင်္ကျီကို ဝတ်ဆင်ခွင့်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိသလို ဒေါ့မွန်အသင်းအိမ်ကွင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကိုလည်း ခံစားခွင့်ရတော့မှာ ဖြစ်တာကြောင့် ဂုဏ်ယူမိတယ်လို့ ကော်တိုက ပြောသွားခဲ့ပါတယ်။
ကော်တိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ မန်စီးတီးအသင်းကို ပိုင်ဆိုင်တဲ့ စီးတီးဘောလုံးဂရုပိုင်ဆိုင်ထားတဲ့ ဂျီရိုနာအသင်းကို အငှားထွက်ကစားခဲ့ရပြီး ဂျီရိုနာအသင်းကို ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရစေဖို့အတွက် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကော်တိုဟာ ဒေါ့မွန်အသင်းမှာ ကျောနံပါတ် ၂ ကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။