စပိန်ကလပ် ဗီလာရီးရဲလ်အသင်းဟာ ထရက်ဇွန်စပေါလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်း လက်မဲ့ဖြစ်နေခဲ့တဲ့ နီကိုးလက်စ်ပီပီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ဩဂုတ်လ(၄)ရက်နေ့က တရားဝင် ကြေညာသွားခဲ့ပါတယ်။
ပီပီဟာ (၂၀၁၉)ခုနှစ်မှာ အာဆင်နယ်အသင်းကို ရောက်ရှိခဲ့ပေမယ့် အသင်းနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် အငှားကစားသမားဘဝနဲ့ အချိန်ကုန်ခဲ့ရပြီး ထရက်ဇွန်စပေါလ်အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိနေခဲ့တာပါ။

ထရက်ဇွန်စပေါလ်အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ(၂၃)ပွဲကစား ခဲ့ပြီး သွင်းဂိုး(၆)ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အသင်းဘက်က စာချုပ်သစ် မချုပ်ခဲ့တာကြောင့် ပီပီက အသင်းလက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
ဗီလာရီးရဲလ်အသင်းဟာ အသက်(၂၉)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပီပီကို (၂၀၂၆)ခုနှစ်ထိ သက်တမ်းရှိတဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။