မြန်မာနိုင်ငံ မူဆယ်- တရုတ်နိုင်ငံ ရွှေလီ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်က ရွှေလီ မြို့မှာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံက ပထမဆု ၄ ဆု ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

အခုအကြိမ်ပြိုင်ပွဲမှာ တရုတ်၊ မြန်မာ၊ အင်္ဂလန် စတဲ့ နိုင်ငံတွေနဲ့ ဒေသပေါင်းများစွာက ပြိုင်ပွဲ ဝင် ၉၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မာရသွန်၊ တစ်ဝက် မာရသွန်၊ အပျော်တမ်းနဲ့ မိသားစုပြိုင်ပွဲ စတဲ့ ပြိုင်ပွဲအုပ်စု ၄ ခုနဲ့ စီစဉ်ကျင်းပခဲ့တာလို့ ဆိုပါတယ်။ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံက မာရသွန်အပြည့် မြန်မာအမျိုးသားပြိုင်ပွဲအုပ်စု၊ မာရသွန်အပြည့် မြန်မာအမျိုး သမီး ပြိုင်ပွဲအုပ်စု၊ တစ်ဝက် မာရသွန် မြန်မာအမျိုးသားပြိုင်ပွဲအုပ်စုနဲ့ တစ်ဝက် မာရသွန် မြန်မာအမျိုးသမီး ပြိုင်ပွဲအုပ်စုတွေမှာ ပထမဆု လေးဆုကို ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြိုင်ပွဲကိုတော့ ရွှေလီမြို့ နုန်မော်ဟူကန်(ပြတိုက်)က စတင်တာလွှတ်ပြီး မြန်မာနိုင်ငံ နန်းတော်ဂိတ်ပေါက်ရှိ နယ်စပ်မှတ်တိုင် ၈၁ ကို ပတ်ပြီး နုန်မော်ဟူကန်(ပြတိုက်)မှာပဲ ပန်းဝင်စေတာ ဖြစ်ပါတယ်။အခုပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဝင်ရောက်အပြေးပြိုင်သူတွေကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေဖို့နဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဖော်ဆောင်နိုင်ဖို့အတွက် ပေါက်ဖော်ဆုတွေကိုလည်း ချီးမြှင့်ခဲ့တယ်လို့ သိရ ပါတယ်။