ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ အသင်းရဲ့နည်းပြရှောင်ဒိုက်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ ဇန်နဝါရီလ(၉)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ပီတာဘရော့အသင်းနဲ့ အက်ဖ်အေ ဖလား တတိယအဆင့်ပွဲစဉ်မတိုင်မီ (၃)နာရီအလိုမှာမှ နည်းပြရှောင်ဒိုက်ကို ရာထူးကနေ ထုတ်ပယ်လိုက်တာပါ။

နည်းပြရှောင်ဒိုက်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အဲဗာတန်အသင်းဟာ အသင်းရဲ့ယူ-၁၈ အသင်းနည်းပြ လေတန်ဘိန်းနဲ့ လက်ရှိအသင်းခေါင်းဆောင် ကိုးမန်းတို့ကို ယာယီနည်းပြတွေ အဖြစ်ခန့်အပ်ထားတယ်လို့ သိရပါ တယ်။ အဲဗာတန်အသင်းဟာ ပီတာဘရော့အသင်းနဲ့ပွဲစဉ်မှာ (၂)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား စတုတ္ထ အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အခုဘောလုံးရာသီမှာ ရလဒ်ပိုင်းဆိုးရွားနေခဲ့တာကြောင့် အဲဗာတန်အသင်း ဟာ ပိုင်ရှင်သစ်ပြောင်းလဲပြီးချင်းမှာပဲ နည်းပြရှောင်ဒိုက်ကို ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန် အသင်းဟာ အခုရာသီပရီးမီးယားလိဂ် (၁၉)ပွဲကစားပြီးချိန်မှာ (၃)ပွဲနိုင်၊ (၈)ပွဲသရေ၊ (၈)ပွဲရှုံး၊ ရမှတ်(၁၇)မှတ်နဲ့ အတူ အမှတ်ပေ ဇယားရဲ့အဆင့်(၁၆)နေရာမှာ ရပ်တည်နေပါတယ်။ အဲဗာတန်အသင်းအနေနဲ့ ရှောင်ဒိုက်ကို ထုတ်ပယ်ခဲ့တဲ့အပေါ် One News ရဲ့အားကစားအယ်ဒီတာ ကိုဇင်ကိုကိုအောင်ကို အခုလိုမေးမြန်းထားပါတယ်။ အဲဗာတန်အသင်းဟာ နည်းပြရှောင်ဒိုက်ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ခန့်အပ်ဖို့အတွက် ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။