ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးသမားကော်တိုရစ်က နည်းပြတီဒက်စ်ကိုလက်ထက်မှာ ဘယ်ဂျီယံလက်ရွေးစင် အသင်းရဲ့ပွဲစဉ်တွေကို ကစားသွားမှာ မဟုတ်ကြောင်း ဩဂုတ်လ(၂၂)ရက်နေ့က တရားဝင်ကြေညာသွားခဲ့ပါတယ်။
နည်းပြတီဒက်စ်ကိုဟာ ပြီးခဲ့တဲ့ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ကော်တိုရစ်ကို ဘယ်ဂျီယံအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့တာကြောင့် ကော်တိုရစ်က မကျေမနပ်ဖြစ်နေတာပါ။

ဒါကြောင့်မလို့ ဘယ်ဂျီယံလက်ရွေးစင်အသင်းအတွက် ကစားရတာကို ဂုဏ်ယူမိပေမယ့် နည်းပြတီဒက်စ်ကိုရဲ့ ဆုံးဖြတ်ချက်တွေကြောင့် သူ့ရဲ့လက်ထက်မှာ ကစားပေး သွားမှာ မဟုတ်ဘူးလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကော်တိုရစ်ဟာ ဘယ်ဂျီယံအသင်းရဲ့ အဓိကဂိုးသမားဖြစ်သလို လက်ရွေးစင်ကစားသမားဘဝမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၁၀၂)ပွဲအထိ ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။