ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ နည်းပြတန်ဟတ်ကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ဇူလိုင် လ(၄)ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။

ရှယ်ယာရှင်သစ် ရက်ပ်ကလစ်ဖ်လက်ထက် မန်ယူအသင်းဟာ နည်းပြတန်ဟတ်ကို ထုတ်ပယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် အခုအချိန်မှာတော့ (၂၀၂၆)ခုနှစ်ထိ (၁)နှစ်စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့တာပါ။

နည်းပြတန်ဟတ်ဟာ မန်ယူအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးဘောလုံးရာသီမှာ အသင်းနဲ့အတူ လိဂ်ဖလားဆွတ်ခူးပေးခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း အက်ဖ်အေ ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဒဏ်ရာ ပြဿနာတွေကြား ရုန်းကန်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နေရာနဲ့ ဆိုးရွားတဲ့ ဘောလုံးရာသီ တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မန်စီးတီးအသင်းကို အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ အနိုင်ရရှိအောင် ကစားနိုင် ခဲ့တာကြောင့် လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိထားတာလည်း ဖြစ်ပါတယ်။