၂၀၂၄ ဒေးဗစ်ဖလား အသင်းလိုက် တင်းနစ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲတွေကို စက်တင်ဘာ ၁၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့ ရာမှာ အယ်ကာရက်ဇ်ပါဝင်တဲ့ စပိန်အသင်းက ချက်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။
အသင်းလိုက်ပြိုင်ပွဲဖြစ်လို့ တစ်ဦးချင်း ပွဲစဉ် ၂ ပွဲနဲ့ ၂ ယောက်တွဲပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး တစ်ဦးချင်း ပထမပွဲမှာ စပိန်အသင်း သား အဂတ်က ချက်အသင်းသား လီဟတ်ကာကို အနိုင်ရခဲ့ပါတယ်။
တစ်ဦးချင်း ဒုတိယပွဲမှာတော့ အယ်ကာရက်ဇ်နဲ့ ချက်တင်းနစ်သမား မာဟတ်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး တတိယပွဲလတ်ယှဉ်ပြိုင်ချိန်မှာ ဒဏ်ရာကြောင့် မာဟတ်ဆက်ပြီးမယှဉ်ပြိုင်နိုင်တော့လို့ စပိန်အသင်း ၂ ပွဲအနိုင်ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
တတိယပွဲအဖြစ် ၂ ယောက်တွဲပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ရာမှာလည်း အယ်ကာရက်ဇ်တို့ စပိန်အတွဲက ချက်အတွဲကို အနိုင်ရခဲ့ တာကြောင့် စပိန်အသင်းက ချက်အသင်းကို ၃ ပွဲပြတ်အနိုင်ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး အုပ်စုအဖွင့်ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။
အခုအုပ်စုမှာ စပိန်အသင်းနဲ့ ချက်အသင်းတို့အပြင် ဩစတြေးလျနဲ့ ပြင်သစ်အသင်းတို့လည်း ပါဝင်နေတာဖြစ်ပြီး အုပ်စုတွင်း အမှတ်အများဆုံးရတဲ့ ၂ သင်းက ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့် ရမှာပဲ ဖြစ်ပါတယ်။
စပိန်အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြင်သစ်နဲ့ ဆက်ကစားရ မှာဖြစ်ပါတယ်။