ဒေါ့မွန်အသင်းခေါင်းဆောင် ဟမ်းမဲလ်က ဒေါ့မွန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ဇွန်လ(၁၄)ရက်နေ့က တရားဝင်ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ နည်းပြတာဇစ်နဲ့ လမ်းခွဲပြီးနောက်မှာတော့ အသင်းခေါင်းဆောင် ဟမ်းမဲလ်ကို လက်လွှတ်ရတော့မှာပါ။
ဟမ်းမဲလ်ဟာ အသင်းမှာရှိနေတဲ့ အချိန်အတွင်း အကောင်းဆုံးပေးဆပ်ကစားခဲ့သလို အသင်းကို ဦးဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်လို့ ဒေါ့မွန်အသင်းက ပြောပါတယ်။
ဟမ်းမဲလ်ဟာ ဒေါ့မွန်အသင်းမှာ သူ့ရဲ့ကစားသမားဘဝအတွင်း (၂)ကြိမ်တိုင်တိုင် ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို အသင်းအတွက်ပြိုင်ပွဲစုံ (၅၀၄)ပွဲမှာ (၃၈)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းနဲ့ လမ်းခွဲခဲ့ပေမယ့်လည်း ဟမ်းမဲလ်ဟာ ဆော်ဒီကလပ်အသင်းတွေဆီ ပြောင်းရွှေ့သွားမှာမဟုတ်ဘဲ ဥရောပ ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။