ဗြိတိန်လက်ဝှေ့သမား ဒူဘော့စ် အဖျားဝေဒနာခံစားနေရတာကြောင့် လာမယ့် စနေညမှာထိုးသတ်မယ့် ဒူဘော့စ်နဲ့ ပါကာတို့ရဲ့ ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဒူဘော့စ်ဟာ သူ့ရဲ့ IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုကို ကာကွယ်ပွဲအဖြစ် ပါကားနဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပွဲနီးကပ်လာချိန်မှ အဖျား ရောဂါ ခံစားနေရတယ်လို့ ပွဲစီစဉ်တဲ့သူတွေဆီကို ဒူဘော့စ်ဘက်က အကြောင်းကြားလာခဲ့တာဖြစ်ပြီး အဖျားရောဂါ ခံစားရတဲ့ အကြောင်းရင်းကိုတော့ ဖော်ပြမထားဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် အသက် ၃၃ နှစ်အရွယ် နယူးဇီလန် နိုင်ငံသား ပါကားဟာ စနေညမှာ ကွန်ဂိုနိုင်ငံသား ဘာကိုလီနဲ့ ပြောင်းလဲထိုးသတ်ရတော့မှာ ဖြစ်ပါတယ်။ ဒူဘော့စ် အနေနဲ့ နေမကောင်းဖြစ်နေမှုကနေ မကြာခင်မှာ သက်သာလာဖို့ မျှော်လင့်ပါတယ်လို့ ပါကားက ပြောသွားခဲ့ပါ တယ်။

ကစားသမားဘဝ ၂၄ ပွဲထိုးသတ်ထားရာမှာ ၂၂ ပွဲနိုင်ပြီး ၂ ပွဲသာရှုံးထားတဲ့ ဒူဘော့စ်ဟာ ၂၀၂၄ ဇွန်လမှာ ဟာဂိုဗစ်ကို အနိုင်ရပြီး IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရရှိထားခဲ့သလို စက်တင်ဘာမှာ ထိုးသတ်ခဲ့တဲ့ ချန်ပီယံဆုကာကွယ်ပွဲမှာလည်း ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ဂျော့ရှုအာကို အနိုင်ယူပြီး ချန်ပီယံဆုကို ကာကွယ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။