ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်တန်းကစားသမားတွေဖြစ်ကြတဲ့ ဒီလစ်ချ်နဲ့ မာဇရာဝီတို့ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဩဂုတ်လ(၁၃)ရက်နေ့က တရားဝင်မိတ်ဆက်သွားခဲ့ပါ တယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီတွေက အားနည်းနေခဲ့တဲ့ အသင်းရဲ့နောက်တန်းကို ဖြည့်တင်းဖို့အတွက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီလစ်ချ်နဲ့ မာဇရာဝီတို့ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

မန်ယူအသင်းဟာ ကစားသမား သစ် (၂)ယောက်လုံးကို တစ်ပြိုင်နက် မိတ်ဆက်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ကြေးက ပေါင်သန်း (၆၀)ဝန်းကျင်ပေးချေခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဒီလစ်ချ်ကို မန်ယူအသင်းက (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး မာဇရာဝီကို (၄)နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကစားသမား သစ်(၂)ယောက်စလုံးက မန်ယူနည်းပြတန်ဟတ်နဲ့ အေဂျက်ဇ်အသင်းမှာကတည်းက လက်တွဲခဲ့ဖူးတာကြောင့် အသင်းအတွက် အကျိုး ရှိမယ့် ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။