စီးရီးအေကလပ် ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းကိုကိုင်တွယ်ခဲ့တဲ့ နည်းပြဒီရော့စီကို တရားဝင် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်လို့ ဇွန်လ(၂၅)ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
နည်းပြဒီရော့စီဟာ ရိုးမားအသင်းနဲ့ နည်းပြမော်ရင်ဟိုတို့ လမ်းခွဲခဲ့တဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလတည်းက အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး ပုံစံကောင်းရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာပါ။
ရိုးမားအသင်းနဲ့ နည်းပြဒီရော့စီတို့ရဲ့ စာချုပ်သက်တမ်းက ကာလတိုစာချုပ် ဖြစ်လို့ ပြီးခဲ့တဲ့ရာသီကုန်အထိပဲ သက်တမ်းရှိခဲ့တာပါ။
အဲဒါကြောင့် အခုအချိန်မှာ စာချုပ်သစ် ချုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ရိုးမားအသင်းဟာ နည်းပြဒီရော့စီကို (၂၀၂၇)ခုနှစ်အထိ သက်တမ်းရှိတဲ့ (၃)နှစ် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါသေးတယ်။
နည်းပြဒီရော့စီ ဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေခဲ့တဲ့ ရိုးမားအသင်းကို ရာသီကုန်မှာ အဆင့်(၆) နေရာနဲ့အတူ ယူရိုပါလိဂ်ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။