ဆော်ဒီကလပ် အယ်အစ်တီဟတ်အသင်းဟာ ဗီလာအသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်မှူး မူဆာဒီယာဘီကို အပြီးသတ်ခေါ်ယူလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဒီယာဘီဟာ ပြီးခဲ့တဲ့ ရာသီကမှ လေဗာကူဆင် အသင်း ကနေ ဗီလာအသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုပြီး ရောက်ရှိလာ ခဲ့တာဖြစ်ပါတယ်။
ဒီယာဘီဟာ ပြီးခဲ့တဲ့ရာသီက ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲကစားပေးခဲ့ပြီး ၁၀ ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် အခုနွေမှာတော့ ဆော်ဒီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပြောင်းရွှေ့ကြေးကို နှစ်ဖက်အသင်းက အတိအကျ မဖော်ပြခဲ့ပေမယ့် သတင်းတွေအရ ဒီယာဘီရဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၅၀ လောက် ဖြစ်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒီယာဘီဟာ အယ်အစ်တီဟတ်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး အသင်းသစ်နဲ့အတူ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် စိတ်လှုပ်ရှားတယ်လို့ ပြောကြားထားပါတယ်။
အခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ ဗီလာအသင်းဟာ အသင်းကို ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပြီး ကစားသမားသစ်တွေ ခေါ်ယူထားသလို အသင်းရဲ့ ကစားသမားအချို့ကိုလည်း ပြန်လည်ရောင်းချမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။