ကိုရင်သီယမ်အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီးနောက် ကစားသမားသစ်ဖြစ်လာခဲ့တဲ့ နယ်သာလန် တိုက်စစ် မှူး ဒီပေးကို စက်တင်ဘာလ(၁၁)ရက်မှာ ပရိသတ်တွေက ကြိုဆိုခဲ့ကြပါတယ်။
ဒီပေးဟာ ကိုရင်သီယမ်အသင်းနဲ့ ပူးပေါင်းဖို့အတွက် ဘရာဇီးနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းရဲ့ပရိသတ်တွေက ဝမ်းသာအားရ ကြိုဆိုခဲ့ကြတာပါ။
ကိုရင်သီယမ်အသင်းဟာ အသက်(၃၀)အရွယ်ရှိနေပြီဖြစ်တဲ့ နယ်သာလန် တိုက်စစ်မှူး ဒီပေးကို (၂၀၂၆) ခုနှစ်ထိ သက်တမ်းရှိတဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒီပေးဟာ နယ်သာလန် လက်ရွေးစင်အသင်း အတွက် ပြိုင်ပွဲစုံ(၉၈)ပွဲ ကစားပေးခဲ့ပြီး (၄၆)ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကြားရက်မှာ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲ အတွက် လူစာရင်းမှာတော့ ပါဝင်ခြင်းမရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဘရာဇီးကလပ် ကိုရင်သီယမ်အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ အခွင့်အရေးနည်းသွားခဲ့ပြီလို့ ပရိသတ်တွေက သုံးသပ်နေကြပေမယ့် နယ်သာလန်နည်းပြ ကိုးမန်းက အခုအပြောင်းအရွှေ့ဟာ ဒီပေးအပေါ် ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။