လာမယ့်တစ်ပတ်မှာ အသင်းသစ် ဖာရာရီအသင်းနဲ့အတူ ဖော်မြူလာဝမ်းပထမဆုံးပြိုင်ပွဲကို ယှဉ်ပြိုင်ရမယ့်အပေါ် စိတ်လှုပ်ရှားနေတယ်လို့ ဗြိတိန်ဒရိုင်ဗာ ဟာမီလ်တန်က ပြောသွားခဲ့ပါတယ်။ ဒီလိုစိတ်လှုပ်ရှားမှုမျိုးက ၂၀၀၇ ခုနှစ်မှာ မက္ကလာရင်အသင်းနဲ့အတူ ဖော်မြူလာဝမ်းဒရိုင်ဗာဘဝကို စတင်ခဲ့တဲ့ အချိန်တွေကိုတောင် ပြန်သတိရ စေတယ်လို့လည်း ဟာမီလ်တန်က ပြောသွားခဲ့ပါတယ်။

ကစားသမားဘဝ ဂရင်းပရီနိုင်ပွဲ ၁၀၅ ပွဲရခဲ့သလို ဖော်မြူ လာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၇ ကြိမ်အထိ ရယူထားနိုင်ခဲ့တဲ့ ဟာမီလ်တန်ကို ပြိုင်ပွဲရဲ့ အကောင်းဆုံး ဒရိုင်ဗာတွေ ထဲက တစ်ယောက်အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ် ဟာမီလ်တန်ဟာ ပြီးခဲ့တဲ့နှစ် ဖော်မြူလာဝမ်းရာသီအကုန်မှာ မာစီးဒီးစ်အသင်းနဲ့ စာချုပ်ပြည့်ခဲ့ပြီးနောက် အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ အဖြစ် ဖာရာရီအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

သူ့အတွက် အခုအားလပ်ရက် ကာလက ပိုပြီးတော့ ကြာရှည်တယ်လို့ ခံစားမိသလို နောက်တစ်ပတ်ထဲမှာ ဖာရာရီအသင်းနဲ့အတူ ပြိုင်ပွဲတွေ စတင်ပြိုင်ဆိုင်ရတော့ မယ်ဆိုတာကိုလည်း မယုံနိုင်အောင် ဖြစ်မိပါတယ်လို့ ဟာမီလ်တန်က ဖာရာရီအသင်း ရုံးချုပ်မှာ ပြောသွားခဲ့ပါ တယ်။ ဖာရာရီအသင်းနဲ့အတူ ကစားသမားဘဝ ၈ ခုမြောက် ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ဖို့ ဟာမီလ်တန် မျှော်လင့် နေတာလည်း ဖြစ်ပါတယ်။