အယ်ဟီလယ်အသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာရခဲ့တဲ့ ဒဏ်ရာကြောင့် စိတ်ပျက်ခဲ့ရတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
နေမာဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလက ဥရုဂွေးအသင်းနဲ့ ကစားခဲ့တဲ့ (၂၀၂၆)ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာရခဲ့တာကြောင့် အနားယူနေရတာပါ။
အခုအချိန်မှာတော့ ဒဏ်ရာကနေပြန်ကောင်းလာပြီးနောက် ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို အယ်ဟီလယ်အသင်းနဲ့ အတူပြုလုပ်နေခဲ့တာပါ။
ဒဏ်ရာရခဲ့တဲ့အချိန်တွေက စိတ်ပျက်စရာကောင်းခဲ့သလို ကစားသမားဘဝကနေ အနား ယူဖို့အထိ စဉ်းစားမိခဲ့တယ်လို့ သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မှာ နေမာက ရေးသားခဲ့ပါတယ်။
နေမာဟာ ၂၀၁၉၊ ၂၀၂၁ နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရသလို အယ်လ်ဟီလယ် အသင်းကို မပြောင်းခင် ပီအက်ဂျီအသင်းမှာ ကစားနေတုန်းကလည်း ဒူးဒဏ်ရာကြောင့် ၅ လခန့် အနားယူခဲ့ရဖူး ပါတယ်။