မြန်မာ့ရိုးရာ လက်ဝှေ့ကျော် စိုးလင်းဦးဟာ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာတွေရရှိထားတဲ့အတွက် နောက် လာမယ့်ပွဲတွေကို လွဲချော်မှာဖြစ်တယ်လို့ စိုးလင်းဦး(ဒို့ရိုးရာ)ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေး ထားပါတယ်။
လက်ဝှေ့ကျော် စိုးလင်းဦး မောင်းနှင်လာတဲ့ကားဟာ နိုဝင်ဘာ ၃၀ ရက်က ကရင်ပြည်နယ်အတွင်းမှာပဲ တောင် ကုန်းပေါ်ကအဆင်း ကားဘရိတ် မမိတာကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ အဲဒီဒဏ်ရာတွေကြောင့် လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုးသတ်ဖို့ရှိတဲ့ One Championship One -170 ပွဲစဉ်ကို လွဲချော်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ဝှေ့ကျော် စိုးလင်းဦးရဲ့ပရိသတ်တွေကလည်း ဒဏ်ရာကနေ သက်သာပျောက်ကင်းလာဖို့ ဆုတောင်းပေးနေ ကြတာကို လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးဟာ One Championship က ကျင်းပတဲ့ မွေထိုင်းပြိုင်ပွဲတွေမှာ လေးပွဲ ထိုးသတ်ခဲ့ရာ သုံးပွဲနိုင် တစ်ပွဲရှုံးထားပါတယ်။ ဓာတ်ပုံ-Soe Lin Oo-Doe Yoe Yar