အင်္ဂလန်ရပ်ဂ်ဘီလက်ရွေးစင် ဂျော့ချ်မာတင်ဟာ ဒဏ်ရာပြဿနာကြောင့် ၆ နိုင်ငံများဖလား ရပ်ဂ်ဘီပြိုင်ပွဲရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် မာတင်ဟာ အင်္ဂလန်ရပ်ဂ်ဘီ အသင်း နောက်ဆုံးကစားခဲ့တဲ့ စကော့တလန်အသင်းနဲ့ပွဲအတွက် လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဒူးဒဏ်ရာရခဲ့လို့ မကစားခဲ့ရပါဘူး။

ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းက စကော့တလန်အသင်းကို ၁၆ မှတ်- ၁၅ မှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ မာတင်ရဲ့နေရာမှာ တက်ဒ်ဟေးလ်ကို အစားထိုး ထည့်သွင်းသွားခဲ့ပါတယ်။ ၂၀၂၁ မှာ အင်္ဂလန် လက်ရွေးစင်စဖြစ်ခဲ့တဲ့ မာတင်ဟာ လက်ရွေးစင်အသင်း ကိုယ်စား ပြုပြီး ပွဲပေါင်း ၂၂ ပွဲ ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ရပ်ဂ်ဘီအသင်းဟာ ၆ နိုင်ငံဖလားပွဲစဉ်မှာ ရမှတ် ၁၀ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ပွဲစဉ် ၂ ပွဲကစားဖို့ကျန်ရှိနေတာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ မတ်လ ၉ ရက်နေ့မှာ အီတလီအသင်းကို လက်ခံကစားရမှာဖြစ်ပြီး နောက်ဆုံးပွဲစဉ်အဖြစ် မတ်လ ၁၅ ရက်နေ့မှာ ဝေးလ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို သွားရောက်ကစားရမှာဖြစ်ပါတယ်။